ဆောမြို့နယ်၊ ကျောက်ထု-ဆောသွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်ပိတောက်ခွဲသားများဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁-၆-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဆောမြို့နယ်၊ ကျောက်ထု-ဆောသွားကားလမ်း၊ မိုင်တိုင်အမှတ်(၉/၃)နှင့် (၉/၄)ကြား၊ ကားလမ်း၏ အနောက်ဘက်ချောင်းရိုးဘေးနေရာတွင် မော်တော်ယာဉ်အမှတ်(6B/8018) NISSAN Diesel (၁၀)ဘီး(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၁၀၇) ချောင်း (၁၀.၈၂၆၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။