ရပ်စောက်မြို့နယ်၊ (၁၈)မိုင်ကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီး နှင့်အတူ တရားမဝင်အင်ခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၁-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တပ်မတော်ဗိုလ်သင်တန်းကျောင်း မှဗိုလ်ကြီးကျော်ကျော်လင်း၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ (၁၈)မိုင်ကျေးရွာအနောက်ဘက်နေရာတွင် မော်တော်ယာဉ်အမှတ်(3C/5530) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၂၈၈) ချောင်း (၇.၅၇၃၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 4, 2019 - 13:30