နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုများ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၃၈.၈၄၈၉)တန်၊ သစ်မာ(၁၅၄.၂၂၄၄)တန်၊ အခြား (၅၃၈.၀၃၁၉)တန်၊ စုစုပေါင်း(၈၃၁.၁၀၅၂)တန်၊ တရားခံ(၇၆)ဦး၊ ယာဉ်/ယန္တရား(၄၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ နတ်စက်ဘိနယ်၊ စန္ဒားကြိုပြင်ခုတ်ကွက်ကြီး အမှတ်(XXXII)အတွင်းမှ တရား မဝင်အင်/ကညင်သစ်လုံး စုစုပေါင်း (၈၁)လုံး (၈၈.၅၉၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ် ပါသည်။

date: 
Wednesday, June 5, 2019 - 13:00