ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းအတွင်း တရားမဝင် ကညင်သစ်နှင့် အတူ ချိန်းဆော(၁) လက် ၊ လှည်း (၅) စီး ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၆-၂၀၁၉ ရက်နေ့နှင့် ၃-၆-၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းမှ တာယာဘီးတပ်လှည်း(၃)စီးနှင့် နောက်တွဲလှည်း(၂)စီးပေါ်မှ တရားမဝင် ကညင်သစ်(၃၀)လုံး (၂၂.၃၆၄၀)တန်၊ ချိန်းဆော(၁)လက် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, June 7, 2019 - 13:30