ပဲခူးမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင် သင်္ဂဒူခွဲသားများ ဖမ်းဆီးရမိ

၅-၆-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာန၊ သစ်တောဝန်ထမ်းများ၊ အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပဲခူးခရိုင် မှုခင်းနှိမ်နင်းရေးအဖွွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ပဲခူးမြိုရှောင်လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းဆုံမီးပွိုင့်အနီး မိုင်တိုင်အမှတ် (၅၄/၄)နှင့် (၅၄/၅)ကြားတွင် မော်တော်ယာဉ် အမှတ်(YGN-1J-4566) Canter (၆)ဘီး (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် သင်္ဂဒူခွဲသား(၅၄၇)ချောင်း (၃.၈၃၈၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, June 7, 2019 - 13:30