ပဲခူးမြို့နယ်၊ ဗိုလ်ကုန်း(၁၈)ရပ်ကွက်အတွင်း မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင် သင်္ဂဒူခွဲသားများ ဖမ်းဆီးရမိ

၄-၆-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာန၊ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဗိုလ်ကုန်း(၁၈)ရပ်ကွက်၊ ကျိုက်ကလွန်ပွန်းလမ်း ကိုနေထွန်းခြံဝင်းအတွင်း မော်တော်ယာဉ် အမှတ်(YGN7I-4665) FUSO အညိုရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် သင်္ဂဒူခွဲသား(၅၂၆)ချောင်း (၃.၉၃၂၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, June 7, 2019 - 13:45