ကလေးဝမြို့နယ် အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် အင်ခွဲသားများ ဖမ်းဆီးရမိ

၆-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကလေးဝ-ရေဦးကားလမ်းနှင့် ယုဇလယ်-ဂုံခါးလမ်းဆုံတွင် မော်တော်ယာဉ်အမှတ် (SGG K-5189) ချက်ပလက်ခေါင်းတို အမျိုးအစား(အစိမ်းရောင်)(၆)ဘီးယာဉ် ပေါ်မှ တရားမဝင် အင်ခွဲသား (၈၂)ချောင်း (၈.၄၂၇၂)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 10, 2019 - 12:00