ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ ရေဝန်ကျေးရွာတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၆-၂၀၁၉ ရက်နေ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်စောက်မြို့နယ် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ ရေဝန်ကျေးရွာအတွင်း တရားမဝင် ကျွန်း/ တမလန်းဓါးရွေ/ အင်ကြင်း/ သဒီ/ တောင်တမာ/ ယမနေ/ သစ်စေး/ ထောက်ကြံ့/ မအူ/ ၃ပေအောက် တမလန်း/သစ်စေးနှင့် တမလန်းငုတ် (၂)ငုတ်၊ သစ်စေးငုတ်(၁)ငုတ်၊ယမနေကျီးပေါင်း (၁)ခု(၇၀)ပိဿာ (၃၁၆)လုံး/ချောင်း (၁၄.၁၃၉၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 10, 2019 - 12:00