လှည်းကူးမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသားများ ဖမ်းဆီးရမိ
၉-၆-၂၀၁၉ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၆/၁)တွင် မော်တော်ယာဉ်အမှတ်(2G/9463) Canter(၆)ဘီး အဖြူစိမ်းကြားရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၆)ချောင်း (၄.၉၄၃၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
date:
Monday, June 10, 2019 - 15:45