မတ္တရာမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား(ပါကေး)များ ဖမ်းဆီးရမိ

၇-၆-၂၀၁၉ ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၀/၀) မတ္တရာမြို့အထွက်တောင်ဘက်အနီးတွင် မော်တော်ယာဉ် (MDY 8J/6041 MICRO BUS(4x2)(R) (GRAY) ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (ပါကေး)(၃၃၆၀)ချောင်း (၀.၆၇၂)တန် တရားခံ (၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 10, 2019 - 15:45