လွိုင်ကော်မြို့နယ်(တွဲဘက်)ရှားတောမြို့နယ်အတွင် မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၆-၆-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်(တွဲဘက်)ရှားတောမြို့နယ် သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင် မြို့နယ်(တွဲဘက်)ရှားတောမြို့နယ်၊ ပွန်ချောင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ် (6E-5432 Super Custom) ခဲရောင် ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၅)ချောင်း (၀.၅၈၄၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 10, 2019 - 15:45