ကနီမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၆-၆-၂၀၁၉ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မုံရွာတပ်နယ် ကွပ်ကဲမှုအဖွဲ့(၃)မှ တပ်ဖွဲ့ဝင်များ၊ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ မုံရွာ-ကလေးဝ ကားလမ်း(၂၀/၀)မိုင်၊ အရှေ့ဘက်(၁)ဖာလုံခန့် အကွာတွင် မော်တော်ယာဉ် MDY-4B/4070 NISSAN DIESEL ဖြူပြာကြား(၁၀)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၉၉)ချောင်း (၁၀.၃၉၆၈)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 10, 2019 - 15:45