နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုများ
နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၀၁.၂၀၈၀)တန်၊ သစ်မာ(၇၆.၇၆၆၉)တန်၊ အခြား (၁၆၃.၈၅၈၀)တန်၊စုစုပေါင်း(၃၄၁.၈၃၂၉)တန်၊ တရားခံ(၆၅)ဦး၊ ယာဉ်/ယန္တရား(၅၇)စီး ဖမ်းဆီး ရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မင်းတုန်းရိုးမကြိုးဝိုင်းအကွက်အမှတ်(၁၁)အတွင်းမှ တရားမဝင်ကျွန်းသစ် (၄၈)လုံး (၄၃.၂၉၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date:
Wednesday, June 12, 2019 - 11:15
