ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေးစခန်း ရွှေငြိမ်းချမ်းခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ တရားမဝင်သင်းခွေချပ်ကြေးခွံများဖမ်းဆီးရမိ

၉-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျသစ်တောဝန်ထမ်း များ၊ အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေးစခန်း နေရာတွင် မော်တော်ယာဉ်အမှတ်(MDY 4C/5636) ရွှေငြိမ်းချမ်းခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ တရားမဝင်သင်းခွေချပ်အကြေးခွံ(၉)အိတ်(၃၉.၉၆)ပိဿာအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 12, 2019 - 11:15