ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာ(ကော့ကရိတ်)တံတားအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် ပျဉ်းကတိုးခွဲသားများဖမ်းဆီးရမိ

၁၀-၆-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာ(ကော့ကရိတ်)တံတားအနီး မော်တော်ယာဉ်အမှတ်(SHN 2B/6164) HINO (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား(၄၅) ချောင်း (၅.၂၆၆၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 12, 2019 - 11:15