မဘိမ်းမြို့နယ်အတွင်းမော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်ကျွန်း/အင်ခွဲသားများဖမ်းဆီးရမိ
၁၀-၆-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ငါးအိုးစရဖမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ငါးအိုးဘိနယ်အတွင်း မော်တော်ယာဉ်အမှတ်(8M/7872) Canter (၆)ဘီးယာဉ်၊ ယာဉ်အမှတ်မပါတုန်ဖုန်း(၆)ဘီးအပြာရောင်ယာဉ်တို့ပေါ်မှ တရားမဝင်ကျွန်း/အင်ခွဲသား(၃၄၁) ချောင်း (၅.၇၇၆၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Wednesday, June 12, 2019 - 11:30