ဖယ်ခုံမြို့နယ်မြို့နယ်အတွင်း တရားမဝင်ပိတောက်ဓါးရွေများဖမ်းဆီးရမိ

၁၀-၆-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်-စံကားသွားကားလမ်း၏ ယာဘက်လွယ်ပေါကျေးရွာအုပ်စု၊ ဆောင်နန်းခဲကျေးရွာ၏ အရှေ့တောင်ဘက်(၁)မိုင်ခန့် အကွာနေရာ၌ တရားမဝင်ပိတောက်ဓါးရွေ(၁၉) လုံး(၂.၆၂၄၀) တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 13, 2019 - 10:30