အင်းစိန်မြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ (၁၀)မိုင်ကုန်းလေဆိပ်မီးပွိုင့်အနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းတံခါးချပ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၁-၆-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် အင်းစိန်မြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ (၁၀)မိုင်ကုန်းလေဆိပ်မီးပွိုင့်အနီးနေရာတွင် မော်တော်ယာဉ်အမှတ်(BGO 7M/5936) NISSAN Caravan (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါး/ပြတင်း (၁၀၁) ချပ် (၁.၅၇၁၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 13, 2019 - 14:00