စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာကြိုးဝိုင်းအတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

၁၀-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာကြိုးဝိုင်း အကွက်အမှတ်(၂၄)အတွင်းတရားမဝင်ပျဉ်းကတိုး/သစ်ယာ/အင်ကြင်း/အင်သစ်(၁၈)လုံး (၈.၅၅၂၀) တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 13, 2019 - 14:00