ဖောင်းပြင်မြို့နယ်၊ ချင်းတွင်းမြစ်ဘေးမှ တရားမဝင် အင်ခွဲသားဆိုဒ်စုံများ ဖမ်းဆီးရမိ

၁၁-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ အင်းတပေါင်းကျေးရွာ၏အရှေ့ဘက်၊ ချင်းတွင်းမြစ်ဘေးမှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၂၂၅) (၉.၀၇၂၈)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, June 17, 2019 - 10:15