ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၁၆-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်) ကားလမ်း (၁၆)မိုင်စစ်ဆေးရေးစခန်း(အတက်)စင်နေရာတွင် မော်တော်ယာဉ်အမှတ်(YGN)4G-1355 Nissan Diesel(၁၂)ဘီး၊(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၅၉) ချောင်း (၆.၀၉၃၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 18, 2019 - 13:30