နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုများ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၄၁.၀၈၆၄)တန်၊ သစ်မာ(၅၃.၄၂၃၈)တန်၊ အခြား (၁၄၃.၇၇၂၈)တန်၊ စုစုပေါင်း(၂၃၈.၂၈၃၀)တန်၊ တရားခံ(၄၇)ဦး၊ ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မသေဘိနယ်၊ မသေကျေးရွာအုပ်စု၊ ဟန်ကဒိုင်းကျေးရွာအနီး၊ အောင်ဇင်မာ ဆီအုန်းကုမ္ပဏီဧရိယာအတွင်း၊ သက်သာဆိုင်ဂိုဒေါင်အတွင်းနှင့်အပြင်/ လုပ်သားတန်းလျား အနီး/ ဒေသအခေါ်ဘက်ဟိုးနေရာတို့မှ တရားမဝင် ကန်းဇော်/ရေမနေ/ကံ့ကော်/ကတွတ်ခွဲသား စုစုပေါင်း (၂၁၄၆)ချောင်း (၄၅.၉၀၆၀)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, June 19, 2019 - 10:15