ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ အမှတ်(၁)ရပ်ကွက်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၆-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်ခြံဝင်းအတွင်းတွင် မော်တော်ယာဉ်အမှတ်(MDY 9G/9507) ELERAND (အဖြူရောင်)ယာဉ်နှင့် တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား(၁၆၈)ချောင်း (၀.၉၈၀၆)တန်အား တရားခံ(၁)ဦးနှင့် အတူ ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 19, 2019 - 10:15