ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၁၇-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချု်ပရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်း၊ မိုင်တိုင်အမှတ်(၅၀/၀)၊ လယ်ဓမ္မကျေးရွာအနီးတွင် မော်တော်ယာဉ်အမှတ်(MDY 3E/4510) TOYOTA HIACE (အဖြူရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(YGN 6D/2482) SURF (အနက်ရောင်)ယာဉ်တို့ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၁၁၅)ချောင်း (၁.၆၅၅၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 19, 2019 - 10:15