ဗန်းမောက်မြို့နယ်၊ ဗန်းမောက်-အင်းတော်သွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် တမလန်းတယောအိုးများ ဖမ်းဆီးရမိ

၁၈-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ဗန်းမောက်-အင်းတော်သွား ကားလမ်းတွင် မော်တော်ယာဉ်အမှတ် (9C-5255) HILUX TURBO (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင် တမလန်းတယောအိုး(၁၀၅) (၁.၂၉၇၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

date: 
Thursday, June 20, 2019 - 12:45