တမူးမြို့နယ်၊ ကွန်းတောင်းရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်အင်သစ်လုံးများ ဖမ်းဆီးရမိ

၁၈-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ ကွန်းတောင်းရွာ၏ အရှေ့တောင်ဘက်နေရာတွင် မော်တော်ယာဉ်အမှတ်မပါ (အစိမ်းပုတ်ရောင်) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်အင်သစ်(၃၇) လုံး (၅.၀၆၇)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သတ်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, June 20, 2019 - 15:15