မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်း အရှေ့ဘက်၊ ကုန်းတန်းကြီးကျေးရွာအနီးတွင် တရားမဝင်ကျွန်းသစ်/ခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်း အရှေ့ဘက်၊ ကုန်းတန်းကြီးကျေးရွာအနောက်ဘက်အနီးတွင် တရားမဝင်ကျွန်းသစ်/ခွဲသား (ဟောင်း)(၁၆၅)လုံး/ချောင်း (၄.၃၁၃၆)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, June 21, 2019 - 14:15