မြစ်ကြီးနားမြို့နယ်၊ နောင်နန်း ကျေးရွာအုပ်စု၊ လမြန်ကျေးရွာအနီးတွင် တရားမဝင်အခြားသစ်လုံးများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၆-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ နောင်နန်း ကျေးရွာအုပ်စု၊ လမြန်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် တရားမဝင်မအူ/တောဇီး/ တောမယ်ဇလီ/လောက်ယားသစ်(၁၇)လုံ(၁၂.၃၈၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, June 21, 2019 - 14:30