မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ သံလွင်မြစ်အတွင်း တရားမဝင်ပိတောက်ခွဲသားများအား စက်လှေ(၇)စီးနှင့်အတူ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၆-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ သံလွင်မြစ်အတွင်း ဖားအောက်ချောင်းပေါက်ဝအနီးတွင် “တိုးတက်ဝင်း”နှင့် “ရတနာမေ”အမည်ရှိ စက်လှေကြီး(၂)စီးနှင့် ကဲ့လှေ(၅)စီးတို့အား တရားမဝင်ပိတောက်ခွဲသား ခန့်မှန်း(၃၀၀)တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများမှ ရေထဲသို့ခုတ်ချထွက်ပြေးသွားသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, June 21, 2019 - 14:30