ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်

၂၄-၆-၂၀၁၉ ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါ်မြတ်ဆုမွန်(တောင်အုပ်ကြီး)ဝန်းကျင်သားငှက်ဌာနက အင်ဒိုနီးရှားနိုင်ငံ (Forum on wrapping up Institutional Strengthening of Biodiversity in the ASEAN )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဦးကျော်သက်(တောအုပ်ကြီး)စီမံကိန်းနှင့်စာရင်းအင်းဌာနက ထိုင်းနိုင်ငံ(Application of Remote Sensing Methods for Planning and Monitoring Large-scale Forest Restoration Efforts in the Mekong Region Workshop) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးနေဇာစိုး(တောအုပ်) ဝန်းကျင်သားငှက်ဌာနက ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် (The Back-to-Back Workshops on the Identification of Sites and Areas Critical to the Persistence of Biodiversity in the ASEAN Region and on the Development of Visualization Tools to Aid Reporting Processes to Multilateral Environmental Agreenents(MEAs)) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

date: 
Monday, June 24, 2019 - 13:30