နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုများ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၈၄.၇၅၅၅)တန်၊ သစ်မာ(၉၅.၅၁၃၃)တန်၊ အခြား (၁၀၈.၆၀၉၉)တန်၊ စုစုပေါင်း(၂၈၈.၈၇၈၇)တန်၊ တရားခံ(၅၄)ဦး၊ ယာဉ်/ယန္တရား(၅၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက်များဆုံးဖမ်းဆီးရမိမှုမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူ မြို့နယ်၊ အမှတ်(၇/၈)ဘိနယ်၊ ကျောက်ငူကျေးရွာအနီး၊ အမ်းချောင်းအတွင်းမှ တရားမဝင် သင်ပုန်းခွဲသားစုစုပေါင်း (၁၂၆)ချောင်း (၂၈)တန်ခန့်၊ လိုင်စင်မဲ့စက်လှေ(၃)စီး၊ တရားခံ(၁၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, June 26, 2019 - 11:00