ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်၊ အလယ်)ကားလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

(၂၁.၆.၂၀၁၉)မှ (၂၂-၆-၂၀၁၉) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်နှင့် (၁၆)မိုင်စစ်ဆေးရေးစခန်း၌ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ရာအိမ်မှူးပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်၊အလယ်)ကားလမ်း (၁၆)မိုင် စစ်ဆေးရေးစခန်းနှင့် (အတက်)စင်နေရာတို့တွင် မော်တော်ယာဉ်အမှတ် (SHN)EE-2490 (Nissan AD Van၊(အဖြူရောင်)နှင့်မော်တော်ယာဉ်အမှတ်(YGN)6C-4331(Hyundai KMFNA၊ အဖြူရောင်) တို့ပေါ်မှ တရားမဝင် ပိတောက်ခွဲသား /တယောပုံကြမ်း၊လူသုံးကုန်ပစ္စည်းများ (၆၅၈) ချောင်း (၈.၂၄၅၆)တန် ယာဉ်(၂)စီးနှင့် အတူ တရားခံ(၂)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 11:00