ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးမြောက်ရွာ ရွာထဲလမ်းပေါ်မှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၂၂-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးမြောက်ရွာ၊ ရွာထဲလမ်းပေါ်မှ ယာဉ်အမှတ်၊ MDY-5D/4250 (Chariot Mitsubishi အဖြူရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၄၄) ချောင်း (၁.၀၄၄၆)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, June 26, 2019 - 11:00