ဘုတလင်မြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတလင်မြို့နယ်၊ သခွတ္တနယ်ရွာ၏အနောက်တောင်ဘက်(၁)မိုင်ခန့် အကွာ၊ ဝက်လူးအိုင်သွားလမ်း၊ တောစပ်အတွင်း ယာဉ်အမှတ်၊ MDY-5B/4909 (NISSAN DIESEL CONTER)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၅၀) ချောင်း (၃.၇၄၄၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 11:15