ဘုတ်ပြင်းမြို့နယ်တွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၆-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ ကရသူရိကြိုးပြင် ဘုတ်ပြင်း-ကော့သောင်းကားလမ်း အရှေ့ဘက် ချောင်းညီနောင် ဆီအုန်းစိုက်ခင်းအနီးနေရာတွင် မော်တော်ယာဉ်အမှတ် ၂/ဂ-၉၂၀၉ (၁၀)ဘီးကား NISSANDIESEL ယာဉ်ပေါ်မှ တရားမဝင် ကတွတ်သစ်ခွဲသားဆိုဒ်စုံ (၃၇) ချောင်း (၂.၁၀၂၂)တန်အား တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 11:15