မုံရွာမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ ချင်းတွင်းတံတားအဆင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၂၃-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ ချင်းတွင်းတံတားအဆင်း ယာဉ်အမှတ်၊ YGN-1E/7385 (Light Truck အဖြူရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၂၃) ချောင်း (၁.၈၉၄၆)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 11:15