သီပေါမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးရမိ

၂၃-၆-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(လားရှိုး)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ ၂၄၃ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စရဖတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအရှေ့တောင်ဘက် (၂)မိုင်အကွာ နောင်နင်းရွာသွားကားလမ်းအနီးမှ ယာဉ်အမှတ်၊ MDY-7H/8975 (Nissan Diesel ခေါင်းစိမ်း/ဘော်ဒီအနီး(၁၂)ဘီး)ပေါ်မှ တရားမဝင် ကျွန်း/အင်ကြင်းခွဲသား (၇၉၁) ချောင်း (၁၀.၆၄၀၈)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, June 26, 2019 - 11:15