နောင်ချိုမြို့နယ်၊ မန္တလေး-မူဆယ် ပြည်ထောင်လမ်းမကြီးပေါ်မှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၂၂-၆-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(လားရှိုး)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ နောင်ချိုစရဖတပ်ဖွဲ့ဝင်များ၊ နောင်ချိုသတင်းတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မန္တလေး-မူဆယ်၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၈၂/၀)အနီး ယာဉ်အမှတ်၊ MDY-6B/5776 (Nissan (၁၂)ဘီး အစိမ်း)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၉၃) ချောင်း (၈.၃၇၀၆)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, June 26, 2019 - 11:15