နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်း မြှင့်တင်နိုင်ရန်အတွက် ညှိနှိုင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်း မြှင့်တင်နိုင်ရန်အတွက် ညှိနှိုင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ၂၆-၆-၂၀၁၉ ရက်နေ့၊ နံနက်(ဝ၈:၃၀)နာရီအချိန်၌ သစ်တောသုတေသနဌာန၊ရေဆင်း-စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပါသည်။

date: 
Wednesday, June 26, 2019 - 11:45