ကလေးဝမြို့နယ်၊ ပလ္လင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်ယာသစ်လုံးများဖမ်းဆီးရမိ

၂၄-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ပလ္လင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်ယာသစ်(၆) လုံး (၇.၁၉၈၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 15:15