တမူးမြို့နယ်အတွင်း ယာဉ်(၁)စီးပေါ်မှ တရားမဝင်ကျွန်းခွဲသား များဖမ်းဆီးရမိ

၂၄-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ ကနန်ကျေးရွာအမှတ်(၂)ရပ်ကွက်ရှိ လယ်ကွင်းစပ်အနီး ထော်လာဂျီ (၁)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၅)ချောင်း (၂.၉၇၅၈)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 15:15