တာချီလိတ်မြို့နယ်အတွင်း တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၂၄-၆-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မူးယစ်အဖွဲ့ဝင်များ၊ ခမရ(၃၃၁)တပ်ဖွဲ့ဝင်များ, ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဆေခမ်း ရပ်ကွက်၊ အိမ်အမှတ်(၀ဟ/၅၁)ဝမ်ဟုန်နယ်မြေမှ တရားမဝင် ကျွန်းခွဲသား (၂၂၃)ချောင်း (၉.၄၀၆၄)တန်၊ တရားခံ (၁)ဦး(ထွက်ပြေး)ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 15:30