ဗန်းမောက်မြို့နယ်အတွင်းမှ တရားမဝင်ကျွန်းသစ်/ခွဲသားများ ဖမ်းဆီးရမိ

၂၄-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ နန့်တံခွန်ကြိုးဝိုင်းအကွက်(၁၅)အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၅၄)လုံး/ချောင်း (၃.၅၉၈၄)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 15:30