မင်းကင်းမြို့နယ်၊ မြောင်းဇင်းရွာအနီးတွင်တရားမဝင်သစ်လုံးများဖမ်းဆီးရမိ

၂၄-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ မြောင်းဇင်းရွာ၏ အနီးဝန်းကျင်တွင် တရားမဝင်သရက်/အင်/ကညင်သစ်(၁၉)လုံး (၁၉.၁၀၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 15:30