သပိတ်ကျင်းမြို့နယ်၊ တကောင်း-ဗန်းမော်ကားလမ်း ယာဉ်(၁)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသား များဖမ်းဆီးရမိ

၂၄-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မကျီးကုန်းအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ တကောင်း-ဗန်းမော်ကားလမ်း၊ မိုင်တိုင်အမှတ် (၄၃/၀)အနီး ယာဉ်အမှတ်၊ SHN-2D/6646 (HONDA ODYSSE အဖြူ (၄)ဘီး)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၃၂)ချောင်း (၀.၅၄၃၂)တန်၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 15:30