သာစည်မြို့နယ်၊ ရထားပြည်ညောင်ကျေးရွာအနီးတွင်တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိ

၂၃-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ ရထားပြည်ညောင်ကျေးရွာ၏ မြောက်ဘက်(၅)ဖာလုံခန့်အကွာမြစ်သာချောင်းဘေးနေရာတွင် တရားမဝင်သတီ/မအူလက်တံရှည်/ တောင်သရက်/လယ်ဇ/နဘဲ/ဇင်ပြွန်းခွဲသား(၇၅) ချောင်း (၁၇.၀၈၇၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 15:30