သီပေါမြို့နယ်အတွင်း ယာဉ်(၁)စီးပေါ်မှ တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၂၅-၆-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဈေးရပ်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ ကုန်းသာဘိနယ်နေရာ ယာဉ်အမှတ်၊ MDY-9D/7813 (TOTON AUMARK)ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၉)ချောင်း (၃.၀၇၁၀)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 15:30