ရေဖြူမြို့နယ်၊ မလွှဲတောင်စုပေါင်းစစ်ဆေးရေးစခန်းတွင် ယာဉ်(၁)စီးနှင့် တရားမဝင်သစ်ခွဲသား များဖမ်းဆီးရမိ

၂၃-၆-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခလရ(၁၇)မှတပ်ဖွဲ့ဝင်များ၊ ကလိန်အောင်သတင်းတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေဖြူမြို့နယ်၊ မလွှဲတောင်စုပေါင်းစစ်ဆေးရေးစခန်းတွင် ယာဉ်အမှတ်၊ SGG-5B/1519 (NISSAN CONDOR (၆)ဘီး ဝါ/ပြာ/မီးခိုး)ပေါ်မှ တရားမဝင် ကဒွတ်/ကောင်းမှုခွဲသား (၆၃)ချောင်း (၁၀.၇၂၁၄)တန်၊ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 26, 2019 - 15:30