ပဲခူးမြို့နယ်၊ ပဲခူးမြို့၊ ဆည်မြောင်းလမ်းအတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် ပျဉ်းကတိုးခွဲသားဆိုဒ်စုံများ ဖမ်းဆီးရမိ

၂၅.၆.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ပဲခူးမြို့ဆည်မြောင်းလမ်းအတွင်း ယာဉ်အမှတ်-MDY-3M/6149(KIA BONGO LIGHT TRUCK III (၆)ဘီး အဖြူရောင်)ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသားဆိုဒ်စုံ (၄၃၅) ချောင်း (၁.၆၃၁၈)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 27, 2019 - 15:00