ဆင်ပေါင်ဝဲမြို့နယ်အတွင်း မော်တော်ယာဉ် (၁)စီးနှင့် တရားမဝင် သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၆-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တေဇစက္ကီဘုန်းကြီးကျောင်းတိုက်အနီး၊ ရဲစခန်းရှေ့ မြောက်ဘက်(၅)ဖာလုံခန့်အကွာတွင် ယာဉ်အမှတ်၊ SHN-1B/7401 (FUSO (၆)ဘီး အဖြူရောင် အပြာတန်း)ပေါ်မှ တရားမဝင် ထောက်ကြံ့ခွဲသား (၈၁) ချောင်း (၂.၉၇၈၆)တန်၊ ဇောင်းပလွေး/ ဖလံ/ယင်းမာမျော (၁၀)လုံး၊ တရားခံ (၃)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 27, 2019 - 15:00